Category Archives: News
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ အသိပေးကြေညာချက်
လေဖိအားနည်းရပ်ဝန်းအခြေအနေ ====================== (၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန်(၁၅:၃၀)နာရီ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင် ပါသည်။ Source:DMH
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၄.၂၀၁၈) ရက်နေ့နှင့် (၂၈.၄.၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ မလွန်ကျေးရွာ၊ သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာနှင့် လက်ခုပ်ပင်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာတို့တွင် နေအိမ်(၄)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၄)လုံး၊အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၇)ဦးဘေးသင့့်ခဲ့ပြီး ဘေးသင့်လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၃၅၇၀၀ိ/-၊ နေအိမ်(၄)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ၁၆၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၉၅၇၀၀ိ/- နှင့် ကယ်ဆယ်ရေး ပစ္စည်း(၆)မျိုး (၄)အိမ်ထောင်စာတို့ကို (၂၉.၄.၂၀၁၈)ရက်နေ့တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး … Read more
-
ကပ္ပလီပင်လယ်ပြင်အခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်အရ- ကပ္ပလီပင်လယ်ပြင်အခြေအနေ ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီ အချိန်တိုင်းထွာချက်များအရ နောက်(၂၄)နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပါသည်။
-
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်အမှာစကားပြောကြား
၂၉-၄-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေသည့်သူများ စုံညီစွာတက်ရောက်သည့်အတွက် မင်္ဂလာ ရှိပါကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမတိုင်မီရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ် ခဲ့ပြီးဖြစ်ပါကြောင်း၊ Diversity Management Forumတစ်ခုကိုလည်းကျင်းပခဲ့ပါကြောင်း၊ အစိုးရအနေနှင့် တိုင်းရင်းသားအရေးနှင့် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (ကျုံတနီး၊ ဖုန်းဆိုးတောင်၊ ဆင်လမ်းလေး၊ ဗျင်းဘွဲ့၊ ကုန်းတမ်းတောင်၊သပြု) ကျေးရွာအုပ်စု (၆) စု၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၄၃) လုံး၊ အိမ်ထောင်စု (၄၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄၃) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၉၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈,၉၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ … Read more
-
မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာသို့ဝင်ရောက်လာသော ဒိုက်နက်တိုင်းရင်းသားများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၈)ရက်နေ့တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာသို့ဝင်ရောက်လာသော ဒိုက်နက်တိုင်းရင်းသား အိမ်ထောင်စု(၃)စု လူဦးရေ (၁၁)ဦး အတွက် ကျားလုံချည်(၃)ထည် မလုံချည်(၃)ထည် တီရှပ်(၆)ထည် ဆပ်ပြာ(၆)တောင့် မီးဖိုချောင်းသုံးပစ္စည်း(၃)ပုံး၊ စားနပ်ရိက္ခာ (၁)လစာ ဆန်(၃)အိတ် (၁၀)ပြည် (၄)ဘူး၊ ဆီ(၄.၁၂၅)ပိဿာ၊ ပဲ(၁၆.၅)ပိဿာ၊ ဆား(၈၂.၅)ကျပ်သားတို့အား (၂၉-၄-၂၀၁၈)ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရေစကြိုမြို့နယ်၊ အလယ်ကျောကျေးရွာအုပ်စု၊ အလယ်ကျောကျေးရွာတွင် (၂၈-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၄၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး၊ စုစုပေါင်း (၁၀၈၄၀၀ိ/-)(ကျပ်တစ်သိန်းရှစ်ထောင့်လေးရာတိတိ)တို့အား (၂၉-၄-၂၀၁၈) ရက် နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ပန်းဆက်လမ်းမကြီး(၆/၇) လမ်းကြား၊ ကွင်းအမှတ်(၇၄/၇၅)၊ သပြုချောင်းကွင်းတွင် (၂၈-၄-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၄) ဦး အတွက် Family Kits (၂၆)မျိုးပါ (၂)ပုံး (၁၆၄၀၀၀ိ/-) ၊ ပလပ်စတစ်ပုံး (၂)ပုံး (၁၂၀၀၀ိ/-) ၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/-)နှင့် မီးဘေးသင့်ဘုန်းတော် … Read more
-
ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၈) နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ နဝဒေးရပ်ကွက်၊ သုခဒီပရပ်ကွက် ကျည်တောင်အမှတ်(၅) ရပ်ကွက်၊ ကျည်တောင်အမှတ်(၆)ရပ်ကွက် ဇီးကုန်းအုပ်စု ဇီးကုန်ကျေးရွာ စက်ကုန်းကျေးရွာတို့တွင် တစ်စိတ်တစ်ပိုင်း ပျက်စီး(၂၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၆၅၀၀၀/-) ကျပ်၊ ပြိုလဲ(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂x၁၀၀၀၀၀)(၂သိန်း)၊ အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်း (၇၆၅၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၁၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၁၅x၂၁၀၀)(၂၄၁၅၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ(၁၀၀၆၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂၄)အိမ်ထောင်စာ၊ (၁၆)မျိုး(၂)အိမ်တို့အား (၂၈.၄.၂၀၁၈)ရက်နေ့ နေ့လည် (၁း၀၀)အချိန်ခန့်တွင် ်ပြည်သူများလက်ဝယ်သို့ သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ဟင်္သာတခရိုင်ဦးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စ ု(၅)စုမှ ကျေးရွာခွဲ (၂၁)ရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၃)လုံး၊ အမိုးလန် (၁၁၄)လုံး၊ စုစုပေါင်း (၁၂၇)လုံး၊ လူဦးရေ (၆၄၁)ဦးတို့အတွက် (၂,၅၉၅,၇၂၉ိ/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၁၄)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၃) အိမ်ထောင်စာတို့အား (၂၇-၄-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (ကနဦး) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









