လေဘေးထောက်ပံ့ပေးမှုသတင်း

29 Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရေစကြိုမြို့နယ်၊ အလယ်ကျောကျေးရွာအုပ်စု၊ အလယ်ကျောကျေးရွာတွင် (၂၈-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၄၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး၊ စုစုပေါင်း (၁၀၈၄၀၀ိ/-)(ကျပ်တစ်သိန်းရှစ်ထောင့်လေးရာတိတိ)တို့အား (၂၉-၄-၂၀၁၈) ရက် နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events