
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၈)ရက်နေ့တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာသို့ဝင်ရောက်လာသော ဒိုက်နက်တိုင်းရင်းသား အိမ်ထောင်စု(၃)စု လူဦးရေ (၁၁)ဦး အတွက် ကျားလုံချည်(၃)ထည် မလုံချည်(၃)ထည် တီရှပ်(၆)ထည် ဆပ်ပြာ(၆)တောင့် မီးဖိုချောင်းသုံးပစ္စည်း(၃)ပုံး၊ စားနပ်ရိက္ခာ (၁)လစာ ဆန်(၃)အိတ် (၁၀)ပြည် (၄)ဘူး၊ ဆီ(၄.၁၂၅)ပိဿာ၊ ပဲ(၁၆.၅)ပိဿာ၊ ဆား(၈၂.၅)ကျပ်သားတို့အား (၂၉-၄-၂၀၁၈)ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)