
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စ ု(၅)စုမှ ကျေးရွာခွဲ (၂၁)ရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၃)လုံး၊ အမိုးလန် (၁၁၄)လုံး၊ စုစုပေါင်း (၁၂၇)လုံး၊ လူဦးရေ (၆၄၁)ဦးတို့အတွက် (၂,၅၉၅,၇၂၉ိ/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၁၄)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၃) အိမ်ထောင်စာတို့အား (၂၇-၄-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (ကနဦး) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)