
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၈) နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ နဝဒေးရပ်ကွက်၊ သုခဒီပရပ်ကွက် ကျည်တောင်အမှတ်(၅) ရပ်ကွက်၊ ကျည်တောင်အမှတ်(၆)ရပ်ကွက် ဇီးကုန်းအုပ်စု ဇီးကုန်ကျေးရွာ စက်ကုန်းကျေးရွာတို့တွင် တစ်စိတ်တစ်ပိုင်း ပျက်စီး(၂၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၆၅၀၀၀/-) ကျပ်၊ ပြိုလဲ(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂x၁၀၀၀၀၀)(၂သိန်း)၊ အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်း (၇၆၅၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၁၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၁၅x၂၁၀၀)(၂၄၁၅၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ(၁၀၀၆၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂၄)အိမ်ထောင်စာ၊ (၁၆)မျိုး(၂)အိမ်တို့အား (၂၈.၄.၂၀၁၈)ရက်နေ့ နေ့လည် (၁း၀၀)အချိန်ခန့်တွင် ်ပြည်သူများလက်ဝယ်သို့ သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)