
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၄.၂၀၁၈) ရက်နေ့နှင့် (၂၈.၄.၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ မလွန်ကျေးရွာ၊ သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာနှင့် လက်ခုပ်ပင်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာတို့တွင် နေအိမ်(၄)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၄)လုံး၊အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၇)ဦးဘေးသင့့်ခဲ့ပြီး ဘေးသင့်လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၃၅၇၀၀ိ/-၊ နေအိမ်(၄)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ၁၆၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၉၅၇၀၀ိ/- နှင့် ကယ်ဆယ်ရေး ပစ္စည်း(၆)မျိုး (၄)အိမ်ထောင်စာတို့ကို (၂၉.၄.၂၀၁၈)ရက်နေ့တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)