ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

29_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ပန်းဆက်လမ်းမကြီး(၆/၇) လမ်းကြား၊ ကွင်းအမှတ်(၇၄/၇၅)၊ သပြုချောင်းကွင်းတွင် (၂၈-၄-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၄) ဦး အတွက် Family Kits (၂၆)မျိုးပါ (၂)ပုံး (၁၆၄၀၀၀ိ/-) ၊ ပလပ်စတစ်ပုံး (၂)ပုံး (၁၂၀၀၀ိ/-) ၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/-)နှင့် မီးဘေးသင့်ဘုန်းတော် ကြီးကျောင်း ဆွမ်းစားဆောင်(၁)ဆောင်အတွက် ရန်ပုံငွေ (၃၀၀၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၆၀၈၄၀၀ိ/-)တို့အား (၂၉-၄-၂၀၁၈)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events