
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (ကျုံတနီး၊ ဖုန်းဆိုးတောင်၊ ဆင်လမ်းလေး၊ ဗျင်းဘွဲ့၊ ကုန်းတမ်းတောင်၊သပြု) ကျေးရွာအုပ်စု (၆) စု၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၄၃) လုံး၊ အိမ်ထောင်စု (၄၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄၃) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၉၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈,၉၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၄၇၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၈၉,၁၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉,၈၈၉,၁၀၀ိ/-) ကျပ်တို့အား (၂၈-၄-၂၀၁၈) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်၍ ထောက်ပံ့ငွေ ပေးအပ်ပွဲ၌ လူမှုရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ ဝန်ကြီးများလိုက်ပါသည့် ခရီးစဉ်၌ ဓနုဖြူမြို့နယ် ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)