Category Archives: News
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ (၂-၆-၂၀၁၈) ရက်နေ့နံနက် (၁၀:၀၀)အချိန်မှ (၁၁:၀၀)အချိန်ထိ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ လူဦးရေ စုစုပေါင်း (၄၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၆-၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီမှ(၁၂း၀၀)နာရီအထိ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ကိုယ်အားကိုယ်ကိုးစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အသိပညာများ ဟောပြောပို့ချခြင်းနှင့် ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ များနှင့် ကျောင်းသားမိဘများ စုစုပေါင်းလူဦးရေ (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈)ရက်နေ့ (၁၃း၁၅) ချိန်တွင် လှိုင်းဘွဲမြို့နယ်၊ တခွက်ဖိုး ကျေးရွာ နှင့် ကမော့လဲ(ကျောင်း) ကျေးရွာတို့၌ လည်းကောင်း၊ (၃၀-၅-၂၀၁၈) ရက်နေ့ (၁၁း၃၅) ချိန်တွင် လှိုင်းဘွဲမြို့နယ် ကိုမောင်ကျေးရွာအုပ်စု၊ကျေးရွာ(၃) ရွာတို့၌လည်းကောင်း လေပြင်း တိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ နေအိမ်(၁၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁၂)စု ဘေးဒုက္ခခံစားခဲ့ရသဖြင့် အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုး၊ အိမ်ထောင်စု(၁၂) စုစာ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၂) လုံးအတွက် ထောက်ပံ့ငွေကျပ် (၅၄၉,၀၀၀)တို့အား (၁-၆-၂၀၁၈) ရက်နေ့တွင် သွားရောက် … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာ၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောက်ပစ္စည်းအလှူငွေ (၅၀,၀၀၀)ကျပ် အား(၁-၆-၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် (ကျွဲဒုံး/ရွှေလှေသောင်/ကျုံနက္ကော်)ကျေးရွာအုပ်စုတို့၌ (၁၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၆၀၀,၀၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၈၅၀,၀၀ဝ) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ လူဦးရေ (၈၈) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၁၈၄,၈၀ဝ) ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၆၃၄,၈၀ဝ) ကျပ် အားလည်းကောင်း မအူပင်မြို့နယ် (ပံတပွတ်/ဝါးတော/ကျုံပါး/ ပေကုန်း/ မင်းဘော)ကျေးရွာအုပ်စုတို့၌ (၂၉-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် … Read more
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗန္ဓလလမ်းအတွင်းရှိ မန်ကျည်းပင်ဟောင်း ပြိုလဲခဲ့ရာ ထိခိုက်ပျက်စီးအိမ်ခြေ (၄)လုံးတွင် လုံးဝပျက်စီးအိမ်ခြေ (၂)လုံးအတွက် (၄၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံးအတွက် (၁၀၀,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၀၀,၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၄)အိမ်ထောင်စာအား (၁-၆-၂၀၁၈)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်အတွင်း (၂၉-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျနေအိမ် (၂၆)လုံး၊ အမိုးလန်နေအိမ်(၁၆၈)လုံးရှိ လူဦးရေ (၇၉၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် ဆန်ရိက္ခာတန်ဖိုးငွေ စုစုပေါင်း (၆,၄၈၇,၉၀၀) ကျပ်အား (၁-၆-၂၀၁၈) ရက်နေ့တွင် လေဘေးသင့်ပြည်သူများအတွက် မင်းဘူးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ ထောက်ပံ့ငွေအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့ခြင်းနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၅-၂၀၁၈) ရက်နေ့၌ အမာမြို့၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတွင် တိုက်ခတ်ခဲ့သော လေပြင်းဘေးကြောင့် အိမ်ပြိုမှုဖြစ်ပွားခဲ့ရာ ပြိုလဲအိမ်ခြေ (၄) လုံး၊ ဘေးသင့်အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉၉၀၀) ကျပ်တိတိအား (၃၁-၅-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ခဲ့ပြီး ပင်လယ်ကမ်းခြေတွင်နေထိုင်နေသူများ အားမုန်တိုင်းဘေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ လှိုင်ခြုံကျေးရွာ၌ (၂၉-၅-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၃,၁၀၀ိ/-) ကျပ်တို့အား (၁-၆-၂၀၁၈) … Read more
-
လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့ရသော ရေလုပ်သားများအားထောက်ပံ့မှုသတင်း
(၂၈-၅-၂၁၁၈) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ဧရာကျေးရွာနေ ဦးဇော်မင်းထွဠ်ပိုင် ငါးဖမ်းရေယာဉ်တစ်စင်းသည် ဘင်္ဂလားပင်လယ်ပြင်တွင် လေပြင်းမိ၍နစ်မြုပ်သွားရာ ထိုရေယာဉ်ပေါ်ပါရေလုပ်သား (၁၈) ဦးအား ဆယ်ယူခဲ့ပြီး ယင်းရေလုပ်သား (၁၈) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (တီရှပ်၊ကျားလုံချည်၊တဘက်) (၃) မျိုးကိုလည်းကောင်း၊ ရေလုပ်သား (၁) ဦးရေနစ်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်ကိုလည်းကောင်း(၃၁-၅-၂၁၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင် သက်ဆိုင်ရာဧရာကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း … Read more









