Category Archives: News
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၈)ရက်နေ့တွင် မြိတ်ခရိုင်ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာ၌ ဖြစ်ပွားသည့် လေဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀/-)နှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး လူဦးရေ (၂)ဦးအတွက် ဆန်ဖိုး(၇)ရက်စာထောက်ပံ့ငွေကျပ် (၄၂၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၀၄၂၀၀/-)တို့အား (၁၃-၆-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) မှ မိုးမိတ်မြို့၊ မြောက်ပိုင်းရပ်ကွက်၊ ရွှေတောင်ဦးဓမ္မာရုံ၌ ရေဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
=================================================== Source: မိုးမိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၈) ရက်နေ့၊ (၁၄းဝဝ~၁၅း၀၀) နာရီတွင် မိုးမိတ်မြို့၊ မြောက်ပိုင်းရပ်ကွက်၊ ရွှေတောင်ဦးဓမ္မာရုံ၌ ရေဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူလူဦးရေ (၁၂၀) ဦးရှိပြီး တက်ရောက်သူများထံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလချောင်းဝတွင်တွေ့ရှိသော လှေစီးဒုက္ခသည်များအား ဥပဒေနှင့်အညီ စနစ်တကျစိစစ်၍ ဆောင်ရွက်ပေးသွားမည်
စစ်တွေ၊ ဇွန် ၁၂ (၁၁-၆-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ၊ သာစည် ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ ပျက်စီးနေသော စက်လှေတစ်စီးနှင့် အမျိုးသား (၄၄)ဦး၊ အမျိုးသမီး (၆၀)ဦး စုစုပေါင်း (၁၀၄)ဦးတို့အား စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ရာ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ပါသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု အကူအညီများ … Read more
-
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ကျိုက်လတ်မြို့အမှတ် ၅ ရပ်ကွက်နှင့် ငပွေးတန်းစာဖြူကျေးရွာအုပ်စု၊ ငပွေးတန်းစာဖြူကျေးရွာတို့၌ လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်လတ်မြို့အမှတ် ၅ ရပ်ကွက်၊ ရွှေဘုံသာလမ်း၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကျပြီး အမိုးလန်ခဲ့သည့် နေအိမ် ၃ လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၂) သိန်း၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၄၄၁၀၀) ကျပ်ကိုလည်းကောင်း၊ ငပွေးတန်းစာဖြူကျေးရွာအုပ်စု၊ ငပွေးတန်းစာဖြူကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် … Read more
-
ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေသတင်း
ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ သတင်းများရယူစုဆောင်းခြင်း၊ ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဖြစ်စေရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ- • မကွေးတိုင်းဒေသကြီးအတွင်း (၁၁-၆-၂၀၁၈)နေ့တွင် ပွင့်ဖြူမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ သစ်ပင်ပိသဖြင့် နေအိမ်(၁)လုံး ပြိုကျပျက် စီးခဲ့ပြီး အိမ်ထောင်စု (၁)စုမှ လူဦးရေ(၆)ဦး ဘေးဒုက္ခကြုံတွေ့ ခဲ့ခြင်းနှင့် ရေပုတ်ကြီးကျေးရွာ၌ လူ(၁)ဦး … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဟင်္သာတမြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ (၈-၆-၂၀၁၈) ရက်နေ့ မှ (၁၁-၆-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ(၇)လုံး၊ အမိုးလန်အိမ်ခြေ(၅၆)လုံး၊ အိမ်ထောင်စု (၆၃)စု၊ လူဦးရေ(၂၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၄၄၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၅၁၀၃၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် (၃၀၀၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၂၅၀၃၀၀)ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၇)အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၅၆)အိမ်ထောင်စာကိုလည်းကောင်း (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
ြစ်ရေကြီးခြင်းသတိပေးချက်
(၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၃) ရက်၊ (၁၀:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦး မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ လေးမျက်နှာမြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ (၂၉-၅-၂၀၁၈) ရက်နေ့မှ (၈-၆-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ(၂)လုံး၊ အမိုးလန်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု (၇)စု၊ လူဦးရေ(၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၅၆၇၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၀၆၇၀၀) ကျပ် ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၂)အိမ်ထောင်စာကို လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၅)အိမ်ထောင်စာကို လည်းကောင်း … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ကြံခင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း၍ အနိမ့်ပိုင်း အိမ်ခြေများသို့ ရေဝင်ရောက်ခဲ့မှုကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဘက်ရဲ-ကိုးအင်းတံတားကို စတင်၍ ရေကျော်ဝင်ရောက်ခဲ့ပြီး ဘက်ရဲမြို့ အနိမ့်ပိုင်း အိမ်ခြေများသို့ ရေဝင်ရောက်ခဲ့မှုကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသော အိမ်ခြေ/အိမ်ထောင်စု (၁၂၃)စု၊ လူဦးရေ (၃၀၅)ဦးတို့အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး (၆၄၀၅၀၀) ကျပ်ကို (၁၂-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရေဘေးဖြစ်ပွားရာနေရာသို့ ကွင်းဆင်းကာ ပြည်သူများသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ တာမြှင့်၍ ရွှေ့ပြောင်းကြရသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ တာမြှင့်၍ ရွှေ့ပြောင်းကြရသော အိမ်ခြေ (၄၅) လုံး၊ လူဦးရေ (၂၀၃) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၄၂၆၃၀၀ိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀၀၀၀၀ိ/-) အား ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်သို့ (၁၁-၆-၂၀၁၈) ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။









