မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

13_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၈)ရက်နေ့တွင် မြိတ်ခရိုင်ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာ၌ ဖြစ်ပွားသည့် လေဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀/-)နှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး လူဦးရေ (၂)ဦးအတွက် ဆန်ဖိုး(၇)ရက်စာထောက်ပံ့ငွေကျပ် (၄၂၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၀၄၂၀၀/-)တို့အား (၁၃-၆-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_jun2018
Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events