ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ဟင်္သာတမြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

13 Pic 06

===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ (၈-၆-၂၀၁၈) ရက်နေ့ မှ (၁၁-၆-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ(၇)လုံး၊ အမိုးလန်အိမ်ခြေ(၅၆)လုံး၊ အိမ်ထောင်စု (၆၃)စု၊ လူဦးရေ(၂၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၄၄၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၅၁၀၃၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် (၃၀၀၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၂၅၀၃၀၀)ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၇)အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၅၆)အိမ်ထောင်စာကိုလည်းကောင်း (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events