===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ တာမြှင့်၍ ရွှေ့ပြောင်းကြရသော အိမ်ခြေ (၄၅) လုံး၊ လူဦးရေ (၂၀၃) ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၄၂၆၃၀၀ိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀၀၀၀၀ိ/-) အား
ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်သို့ (၁၁-၆-၂၀၁၈) ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။