ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ကျိုက်လတ်မြို့အမှတ် ၅ ရပ်ကွက်နှင့် င‌ပွေးတန်‌းစာဖြူ‌ကျေးရွာအုပ်စု၊ င‌ပွေးတန်‌းစာဖြူ‌ကျေးရွာတို့၌ လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

13 Pic 01

===================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်လတ်မြို့အမှတ် ၅ ရပ်ကွက်၊ ရွှေဘုံသာလမ်‌း၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကျပြီး အမိုးလန်ခဲ့သည့် နေအိမ် ၃ လုံးအတွက် ကယ်ဆယ်‌‌ရေးပစ္စည်‌း (၁၀) မျိုး (၃) အိမ်‌‌ထောင်စုစာ၊ အိမ်‌‌ဆောက်ပစ္စည်‌းဖိုး‌ငွေကျပ် (၂) သိန်း၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး‌ငွေ (၄၄၁၀၀) ကျပ်ကိုလည်‌း‌ကောင်‌း၊
င‌ပွေးတန်‌းစာဖြူ‌ကျေးရွာအုပ်စု၊ င‌ပွေးတန်‌းစာဖြူ‌ကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် သစ်ပင်ပြိုလဲမှု‌ကြောင်‌့ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်‌‌ရေးပစ္စည်‌း (၁၆) မျိုး (၁) အိမ်‌‌ထောင်စုစာ၊ အိမ်‌‌ဆောက်ပစ္စည်‌းဖိုး‌ငွေကျပ် (၁) သိန်း၊ ဆနရိက္ခာ (၇) ရက်စာဖိုး‌ငွေ (၄၂၀၀) ကျပ်တို့အား (၁၂-၆-၂၀၁၈) ရက်‌‌နေ့တွင် ကွင်‌းဆင်‌းသွား‌ရောက်‌‌ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events