===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဘက်ရဲ-ကိုးအင်းတံတားကို စတင်၍ ရေကျော်ဝင်ရောက်ခဲ့ပြီး ဘက်ရဲမြို့ အနိမ့်ပိုင်း အိမ်ခြေများသို့ ရေဝင်ရောက်ခဲ့မှုကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသော အိမ်ခြေ/အိမ်ထောင်စု (၁၂၃)စု၊ လူဦးရေ (၃၀၅)ဦးတို့အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး (၆၄၀၅၀၀) ကျပ်ကို (၁၂-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရေဘေးဖြစ်ပွားရာနေရာသို့ ကွင်းဆင်းကာ ပြည်သူများသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။