===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ (၂၉-၅-၂၀၁၈) ရက်နေ့မှ (၈-၆-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ(၂)လုံး၊ အမိုးလန်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု (၇)စု၊ လူဦးရေ(၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၅၆၇၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၀၆၇၀၀) ကျပ် ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၂)အိမ်ထောင်စာကို လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၅)အိမ်ထောင်စာကို လည်းကောင်း (၁၂-၆-၂၀၁၈) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။