Category Archives: News
-
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာအာရှဒေသဝန်ကြီးများ အဆင့်ညီလာခံတွင် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများ၌ ရင်းနှီးမြှုုပ်နှံမှုများနှင့် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေးမှုသတင်း
၅-၇-၂၀၁၈၊ အူလန်ဘာတာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးဆိုင်ရာ အာရှဒေသဝန်ကြီးများအဆင့် ညီလာခံကို မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာ မြို့တွင် တတိယမြောက်နေ့ ဆက်လက်ကျင်းပလျက်ရှိရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲကို အိမ်ရှင်မွန်ဂိုလီးယား နိုင်ငံအစိုးရ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတက်ရောက် ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော ပြယုဂ်များ ဖြစ်သည့် (၂၀၁၅)ခုနှစ် ရေဘေး တုံ့ပြန်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ ကုန်သည်ကြီးအသင်း၊ … Read more
-
UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့က ဒုတိယဝန်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် ဇူလိုင် ၅ UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့သည် ယနေ့နံနက်တွင် လူမှုှဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် သဘောတူညီမှှုစာလွှာ (LOA) ရေးထိုး၍ ကချင်ပြည်နယ်ရှိ ခိုလှှုံရေးစခန်းများတွင် လူသားချင်းစာနာမှှု အကူအညီများ ထောက်ပံ့ပေးမှှုကိစ္စများ၊ လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှှုစာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆောင်ရွက်နေမှှုများ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာကူညီမှှုများ ထောက်ပံ့နိုင်ရေး ဒေသဆိုင်ရာအစိုးရအဖွဲ့၏ … Read more
-
(၁၅)ကြိမ်မြောက် ထူးချွန်မြန်မာအမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပမှုသတင်း
နေပြည်တော် ဇူလိုင် ၅ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် ထူးချွန်မြန်မာအမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်အမှာစကားပြောကြား သည်။ အခမ်းအနားတွင် ဒုတိယဥက္ကဌက “၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှ နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအစဉ် (Plan of Action)များ ရေးဆွဲဆောင်ရွက်သွားရန် ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ … Read more
-
သဘာဝဘေးနှင့် မိုးကြိုးဘေးအကြောင်းအရာများ အသိပညာပေး ဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မြိတ်မြို့နယ်၊ မြိတ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၁၀၀၀)ဦးအား သဘာဝဘေးနှင့် မိုးကြိုးဘေးအကြောင်းအရာများ ဆွေးနွေးခဲ့ပြီး ရှောင်ရန်/ဆောင်ရန်များ ရှင်းလင်းပြောကြားခြင်း၊ ဘောလ်ပင်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး ဗွီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar_tls #tny_jul2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၅-၇-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါဆန်းကျေးရွာ၌ ကျောင်းသား/သူများနှင့် ပြည်သူလူထု စုစုပေါင်း (၁၂၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Sourceး မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2018
-
သဘာဝဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား သွားရောက်ဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၄း၃၀) နာရီအချိန်အထိ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ဖွင့်လှစ်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားရေးသင်တန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များအား သွားရောက်ဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jul2018
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉/၃၀-၆-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပေါ်ခဲ့သည့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိ ကျေးရွာတွင် လူနေအိမ်(၄၁)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၄၁)လုံး၊ အိမ်ထောင်စု(၄၁)စု၊ ဘေးသင့် လူဦးရေ(၁၁၆)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၄၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၄၃၆၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၄၃၄၃၆၀၀ိ/-)(ကျပ်လေးဆယ့်သုံးသိန်းလေးသောင်းသုံးထောင့် ခြောက်ရာတိတိ)အား (၄-၇-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source: … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန်စီမြို့နယ်၊ ရေခူးမံခံကျေးရွာရှိ တန်ဖိုးနည်းအိမ်ရာသို့ (၂၃-၆-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၅) အိမ်ထောင်စာ၊ (၃၂) မျိုးပါ Relief Kit (၁၅) ဖာနှင့် လူဦးရေ (၈၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၇၄,၃၀၀ိ/-)ကျပ်တို့အား (၄-၇-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ … Read more
-
အသက်ကယ်အကျီႋများထောက်ပံ့ပေးအပ်မှုသတင်း
ကျောက်တော်မြို့နယ်ရှိ ရေလမ်းခရီးအသုံးပြုပြီး လှေစီး၍ ကျောင်းတက်ရသော အပေါက်ဝ၊ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ (၄၀) ဦး၊ ကွမ်းအုံချာင်း၊ အလယ်တန်းကျောင်းရှိ ကျောင်းသား/သူ (၂၅) ဦး၊ ကန်စောက်၊ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ (၁၁၇) ဦးနှင့် ဝဲကြီးထောင့်၊ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ(၇၃)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၅၅) ဦးတို့အတွက်တို့အတွက် Lifejacket (အသက်ကယ်အကျီႋ) (၂၅၅) ထည်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်၊ ရခိုင်ပြည်နယ် အခြေခံပညာရေးဦးစီးဌာနမှ … Read more
-
ကမ်းပြိုဘေးထောက်ပံံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်တော် လှ ရပ်ကွက်၌ (၁-၇-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇၃,၁၀၀ိ/-)ကျပ်တို့အား (၄-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more









