
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး၊ ဒေါ်ဝင်းစန္ဒာကြည်နှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၇.၂၀၁၈)ရက်နေ့မှ (၁၈.၇.၂၀၁၈)ရက်နေ့အထိဖြစ်ပွားသည့် တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၉၅)လုံးမှ အိမ်ထောင်စု(၂၀၆)စုမှ လူဦးရေစုစုပေါင်း (၁၀၄၁)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ (၂,၁၈၆,၁၀၀/-)ကျပ်အား (၁၉.၇.၂၀၁၈)ရက်နေ့ (၁၅း၃၀) နာရီချိန်တွင် ထောက်ပံ့ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့များမှ ထောက်ပံ့ငွေအသီးသီးပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ပြောင်းရွှေ့ အိမ်ထောင်စုများမှလူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#tny_jul2018
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)