ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

19 Pic 02
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၁၈) ရက်နေ့ (၁၃း၃၀) ချိန်တွင် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာတွင်၊ ဒုံသမိချောင်း မြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးလွတ်ကင်းသည့် တပ်ဦးဘုန်တော်ကြီးကျောင်းနှင့် ရွာလယ်ဓမ္မာရုံတို့တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၄) စု၊ လူဦးရေ (၁၉၈) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၄၁၅၈၀၀ိ/-) ကျပ်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ဒေါ်ခိုင်ခိုင်လဲ့တို့နှင့်အတူ (၁၉-၇-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fld
#mon_jul2018
Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events