လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်တွင်း င/ခူ ချောင်းကျေးရွာတွင် (၁၇ – ၇ – ၂၀၁၈) ရက်နေ့ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောနေအိမ် (သွပ်မိုး/ဓနိမိုး/ဝါးထရံကာ) (၂၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၄၆၀,၀၀၀) ကျပ်၊ လုံးဝပျက်စီးသွားသောနေအိမ် (သွပ်မိုး/ ဓနိမိုး/ ဝါးထရံကာ) (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၂၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၅၆,၂၀၀)ကျပ်၊ စုစုပေါင်း (၁,၃၁၆,၂၀၀) ကျပ်တို့အား (၁၉-၇-၂၀၁၈) ရက်နေ့ တွင် မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#rke_jul2018