
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၇.၂၀၁၈)ရက်နေ့ နံနက် (၀၈း၃၀)နာရီမှ (၁၆း၃၀)နာရီထိ၊ မိုင်းယန်းမြို့နယ် ထွေ/အုပ်အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မိုင်းယန်းမြို့နယ် လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီကော်မတီ ဝင်များနှင့် မြို့မိ၊ မြို့ဖ စုစုပေါင်း (၈၀)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2018
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)