
ရန်ကုန်၊ ဇူလိုင် ၁၉
ရေချိုရရှိရေး အခက်အခဲကြုံတွေ့နေရသော ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီးကျေးရွာရှိ ပြည်သူများ အတွက် စက်ရေတွင်းတူးဖော်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအလှူငွေပေးအပ်လှူဒါန်းပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားရာတွင် “ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီးကျေရွာရှိ ပြည်သူ များအနေဖြင့် နှစ်စဉ်ရေရှားပါးမှုနှင့် ရေချိုရေသန့်သောက်သုံးရန်အတွက် အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ယခုလိုလှူဒါန်းမှုသည် လိုအပ်သောနေရာ၊ လိုအပ်သောအချိန်တွင် အမှန်တကယ်အသုံးပြုသဖြင့် များစွာအကျိုးရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ စွာရှိနေပြီး၊ အစိုးရနှင့်ပြည်သူပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူ့အကျိုးအတွက် ပြည်သူ က ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုသည် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုပြီး အပြန်အလှန်ဆက်စပ်၍ အကျိုးပြုပါကြောင်း၊ ယခုအခါ သဘာဝဘေးအန္တရာယ်များသည် အချိန်တိုအတွင်း ထိခိုက်မှုကိုများစေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များရှိပါကြောင်းနှင့် အလှူငွေလှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားပါသည်။
ထို့နောက် ၁၉၇၂-၁၉၈၀ ခုနှစ်၊ ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများက အလှူငွေကျပ် (၂၁)သိန်း၊ ဦးသိန်းကြည်+ ဒေါ်သန်းသန်း ဌေး၊ သား- ဖြိုးဇော်သိန်း+ မဇွဲမိုးနိုင်၊ သား-ဝေယံဘုန်းပိုင် မိသားစု (နယူးယောက်)က အလှူငွေကျပ် (၃၅)သိန်း၊ Dr.Paul & Dr. Quilly Teoh Lee (နယူးယောက်)က အလှူငွေကျပ် (၃၅)သိန်းနှင့် ဦးခင်မောင်ရီ+ ဒေါ်တင်တင်မြင့် မိသားစုနှင့် ဆွေမျိုးများက အလှူငွေကျပ် (၁၅)သိန်းတို့ကို အသီးသီး ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#hl1
#ygn_jul2018
Source: MSWRR