မြေပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

18_Pic_01
(၁၇.၇.၂၀၁၈) ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာအုပ်စု၊ ဝက်ကျွန်းကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုဘေးသင့်ခဲ့သော နေအိမ်ပြိုလဲ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-) အဆိုပါအိမ်ထောင်စု (၅) စုမှ ဘေးသင့်လူဦးရေ (၃၅) ဦးအတွက် ဆန်ဖိုးရန်ပုံငွေ (၇၃၅၀၀ိ/-) စုစုပေါင်း ငွေကျပ် (၅၇၃၅၀၀ိ/-) နှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးစီကို (၁၉.၇.၂၀၁၈) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_lsd
#tny_jul2018
Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events