မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိခြင်းနှင့် ထောက်ပံ့မှု ဆောင်ရွက်လျက်ရှိခြင်း

20_Pic_02 20_Pic_03 20_Pic_04
၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၉) ရက်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ရေကြီး ရေလျှံမှုများဖြစ်ပွားလျှက်ရှိရာ ဇူလိုင်လ (၁၉)ရက်နေ့ အခြေအနေအရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ကျော်မှ အိမ်ထောင်စု  (၂၀၆) စု၊ လူဦးရေ (၁၀၄၁)ဦးနှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာမှ အိမ်ထောင်စု (၃၄)စု၊ လူဦးရေ (၁၉၈)ဦးတို့ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကာ  ဆက်လက်ပြောင်းရွှေ့နေရကြောင်းသိရှိရပါသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ က ဆန်ဖိုးငွေ (၂,၁၈၆,၁၀၀/-) (ကျပ်နှစ်ဆယ့်တစ်သိန်းရှစ်သောင်းခြောက်ထောင့်တစ်ရာတိတိ) အားလည်းကောင်း၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် အဖွဲ့က (၄၁၅၈၀၀/-) (ကျပ်လေးသိန်းတစ်သောင်းငါးထောင့်ရှစ်ရာတိတိ) အားလည်းကောင်း သွားရောက်ထောက်ပံ့ပေးထားကြောင်းနှင့် အခြား လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါသည်။

#ha_fld
#tny_jul2018
#mon_jul2018
Source:   DDM

Sign Up

Upcoming Events