မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

20pic_02 20pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၌ (၆-၆-၂၀၁၈) ရက်နေ့မှ (၁၄-၆-၂၀၁၈) ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအုပ်စု (၁၈) စုမှ အိမ်ထောင်စု (၇၀၂) စုဘေးသင့်ခဲ့ရာ

အဆိုပါဘေးသင့်အိမ်ထောင်စုမှ တစိတ်တပိုင်းပျက်စီး (သွပ်မိုး/ပျဉ်ကာ) နေအိမ် (၃၄၁) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁၀,၂၃၀,၀၀၀ိ/-) ကျပ်၊ လုံးဝပျက်စီး (သွပ်မိုး/ပျဉ်ကာ) နေအိမ် (၄၇) လုံးအတွက် (၁) လုံးလျှင် (၂၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၉,၄၀၀,၀၀၀ိ/-) ကျပ်၊ တစိတ်တပိုင်းပျက်စီး (ဓနိမိုး/ပျဉ်ကာ) နေအိမ် (၂၇၂) လုံးအတွက် (၁) လုံးလျှင် (၁၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂,၇၂၀,၀၀၀ိ/-) ကျပ်၊ လုံးဝပျက်စီး (ဓနိမိုး/ပျဉ်ကာ) နေအိမ် (၄၂) လုံးအတွက် (၁) လုံးလျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၄,၂၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး (၂၆,၅၅၀,၀၀၀ိ/-) ကျပ်အားလည်းကောင်း၊

ဘေးသင့်လူဦးရေ (၃,၅၇၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆,၅၆၅,၃၈၈ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး လုံးဝပျက်စီး အိမ်ထောင်စု (၈၉) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တစိတ်တပိုင်းပျက်စီး အိမ်ထောင်စု (၆၁၃) စုစာတို့အား (၁၈-၇-၂၀၁၈) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_fld

#rke_july2018

Source:         ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events