Category Archives: News
-
မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၌ (၉.၇.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန်ထိ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးအား မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်၊ မိုးကြိုးဘေးဗီနိုင်းပိုစတာနှင့် ခေါက်ဆွဲခြောက်ထုပ်များပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar_tls #bgo_jul2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ချောင်းဆုံမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာ၊ ဟင်္သာကျွန်းကျေးရွာနှင့် ရွာလွတ်ကျေးရွာများ၌ (၇-၇-၂၀၁၈) ရက်နေ့နှင့် (၈-၇-၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ၊ Family Kit (၂) ထုပ်၊ ပလစ်စတစ်ရေပုံး (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးအတွက် … Read more
-
မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် ဆင်တဲကျေးရွာအုပ်စု၊ ခြံယာကျေးရွာတို့၌ (၉-၇-၂၀၁၈) ရက်နေ့ (၁၀း၃၀) အချိန်တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၄၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၇) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၄,၀၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-) … Read more
-
သဘာဝဘေးများနှင့် မိုးကြိုးဘေးအကြောင်း အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၈)ရက်နေ့ ညနေ (၁၅း၀၀)နာရီချိန်မှ (၁၆း၃၀)နာရီချိန်ထိ မြိတ်မြို့နယ်ရှိ မြိတ်ကွန်ပျူတာတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ(၃၀၄)ဦးအား သဘာဝဘေးများနှင့်မိုးကြိုးဘေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ ရှင်းလင်းပြောကြားခြင်း၊ ဘောလ်ပင်နှင့် မိုးကြိုးဘေးဗွီနိုင်းပိုစတာပေးအပ် ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_tls #tny_jul2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေပူကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေပူကျေးရွာ၌ (၈-၇-၂၀၁၈) ရက်နေ့၊ (၂၂း၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းမှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် (၂) လုံး မျောပါပျက်စီးခဲ့ပြီး ကျား(၄)ဦး၊ မ(၄)ဦး စုစုပေါင်း (၈) ဦး ရေဘေးသင့်ခဲ့ရာ (၁)အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) … Read more
-
World Bank မှ Deputy Country Director for Myanmar, Cambodia and Laos PDR နှင့် Head of Office, Myanamr ဖြစ်သူ Ms. Gevorg Sargsyan တို့က ဒုတိယဝန်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် ဇူလိုင် ၉ World Bank မှ Deputy Country Director for Myanmar, Cambodia and Laos PDR နှင့် Head of Office, Myanamr ဖြစ်သူ Ms. Gevorg Sargsyan နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လူမှုှဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်
နေပြည်တော်၊ ဇူလိုင် ၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် (၈) နာရီခွဲတွင် လယ်ဝေးမြို့နယ်ရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌများနှင့် အသင်းဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် သင်တန်းသားသင်တန်းသူ စုစုပေါင်း … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၈-၇-၂၀၁၈) ရက်နေ့ (၁၅းဝ၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာမှ ကျေးရွာသူ/သား (၆၀) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2018
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုနှင့် စစ်ကုန်းကျေးရွာအုပ်စုတို့တွင် (၂-၇-၂၀၁၈)နေ့ နှင့် (၅-၇-၂၀၁၈)နေ့တို့၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၄)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၄)စု၊ လူဦးရေ (၉၉) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၄) အိမ်ထောင်စာကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၄) သိန်း၊ ဆန်ရိက္ခာဖိုးငွေကျပ် (၂၀၇,၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၆၀၇,၉၀၀) ကျပ် တို့အား ( … Read more
-
cyclone shelter ဆောက်လုပ်မည့် မြေနေရာ၌ ပန္နက်ရိုက်ခြင်းအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
အင်္ဂပူမြို့နယ်၊ ညောင်ကျိုးအုပ်စု၊ စစ်ကျွန်းရပ်ကွက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုရန်ပုံငွေဖြင့် cyclone shelter ဆောက်လုပ်သွားမည်ဖြစ်ရာ (၈-၇-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၁၅) နာရီ ချိန်တွင် စစ်ကျွန်းရွာလယ်ကျောင်းဆရာတော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ညောင်ကျိုး အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကမ္ဘောဇကုမ္ပဏီတာဝန်ခံတို့နှင့်အတူ အဆိုပါ မြေနေရာ၌ ပန္နက်ရိုက်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2018









