===================================================
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
(၂၀-၇-၂၀၁၈) ရက်နေ့၊ (၂၂း၃၀) နာရီအချိန်မှစ၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ သောင်ရင်းမြစ်ရေစတင်မြင့်တက်ခဲ့ရာ (၂၂-၇-၂၀၁၈) ရက်နေ့တွင် စိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းခဲ့သော်လည်း ရေဘေးသင့်ပြည်သူများအား ဆက်လက်ပြောင်းရွှေ့ထားလျက်ရှိရာ
(၂၂-၇-၂၀၁၈) ရက်နေ့၊ (၁၉း၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမှတ်(၄)ရပ်ကွက် ကျောက်ဖျာဓမ္မာရုံ၊ အမှတ်(၂)ရပ်ကွက် ကိုးနဝင်းဘုန်းကြီးကျောင်း၊ ရေပူကျေးရွာ(အလက)၊ ဖားခြောက်ကောင်ဘုန်းကြီးကျောင်းတို့၌ ထပ်မံပြောင်းရွှေ့ခိုလှုံနေသော ရေဘေးဒုက္ခခံစားနေရသည့် အိမ်ထောင်စု(၂၉၇)စု၊ ကျား(၃၄၆)၊ မ(၄၆၂) ပေါင်း(၈၀၈)ဦးအတွက် တစ်ဦးလျှင် ရေသန့်(၂)ဘူးနှင့်ဆန်ရိက္ခာ (၇)ရက်စာ (၂၁၈၁၆၀၀ိ/-) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။