ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

23_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီး မှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေနှင့် တာဝန်ရှိသူများသည် (၂၂.၇.၂၀၁၈)ရက်နေ့ (၀၃း၃၀)ချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်၊ ရွာတန်ရှည်ကျေးရွာအုပ်စုတွင် ဖက်မိုး၊ ဖက်ကာ နေအိမ်(၁)လုံး ပြိုကျပြီး၊ သွပ်မိုး ပျဉ်ကာ နေအိမ်(၃)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေး ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ (၂၂)ဦးအတွက် ဆန်ဖိုးငွေ (၇)ရက်စာ ( ၄၆၂၀၀ိ/- )ကျပ်၊ စုစုပေါင်း(၄၄၆၂၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ Family kit (၁)ထုပ်၊ ရေပုံးအဖုံးပါ (၂)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိူး (၃)အိမ်ထာင်စာတို့အားကောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ဦး၊ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၂၂.၇.၂၀၁၈)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_stt
#mon_jul2018
Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events