===================================================
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)မှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းစန္ဒာကြည်နှင့် တာဝန်ရှိသူများသည် (၁၉-၇-၂၀၁၈) ရက်နေ့မှ (၂၁-၇-၂၀၁၈) ရက်နေ့အထိ တနင်္သာရီမြစ်ရေထပ်မံမြှင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်၍ ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ (၄၉၄) လုံး၊ အိမ်ထောင်စု (၄၉၅) စုမှ လူဦးရေ (၂၅၄၄) ဦးအတွက် ဆန်ဘိုး(၇)ရက်စာထောက်ပံ့ငွေစုစုပေါင်း (၅၃၄၂၄၀၀ိ/-)နှင့် ငါးသေတ္တာများအား အိမ်ထောင်စု(၁)စုလျှင် (၃)ဗူးနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၉၆၀၀၀ိ/-) အား (၂၁-၇-၂၀၁၈) ရက်နေ့၊ ညနေ (၀၆း၀၀) နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားဖြင့် ထောက်ပံ့ပေးအပ်ရာ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းနှင့် ကျန်ရှိသည့်ပြောင်းရွှေ့အိမ်ထောင်စုများမှ လူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။