လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

23pic-02 23pic-03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ ကာဒီကျေးရွာအုပ်စု ၊ ကာဒီကျေးရွာ၌ (၂၁-၇-၂၀၁၈) ရက်နေ့၊ နေ့လယ် (၁၁း၀၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး နေအိမ် (သွပ်မိုး၊ဓနိမိုး၊သွပ်ကာ၊ဝါးထရံကာ) (၃) လုံး၊ အိမ်ထောင်စု (၃) စုဘေးသင့်ခဲ့ရာ ဘေးသင့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ ၊ တန်ဖိုး (၃၇,၅၃၀ိ/-) ကျပ်အားလည်းကောင်း၊

ရွာသစ်ကေကျေးရွာအုပ်စု ၊ ရွာသစ်ကေကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး နေအိမ် (သွပ်မိုး၊ ဝါးထရံကာ) (၁) လုံး၊ အိမ်ထောင်စု (၁) စု ဘေးသင့် ခဲ့ရာ ဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ ၊ တန်ဖိုး (၁၂,၅၁၀ိ/-) ကျပ်အားလည်းကောင်း၊

အပေါက်ဝကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး နေအိမ် (သွပ်မိုး၊ ဝါးထရံကာ) (၁) လုံး၊ အိမ်ထောင်စု (၁) စု ဘေးသင့် ခဲ့ရာ ဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ ၊ တန်ဖိုး (၁၂,၅၁၀ိ/-) ကျပ်အားလည်းကောင်း၊

စုစုပေါင်း အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၃၃,၆၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၉၆,၁၅၀ိ/-) ကျပ်အား (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲကြောင်း သတင်းရရှိပါသည်။

#ha_sgw

#rke_july2018

Source:  မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events