===================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း (၂၀-၇-၂၀၁၈) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် တောင်ကျရေများပြီး ပတ္တာချောင်းရေမြင့်တက်တိုက်စားလာမှုကြောင့် ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာ၌ ကမ်းပါးများ ပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁)လုံး ကြိုတင်ပြောင်းရွှေ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀ိ/-)၊ လူဦးရေ(၄)ဦးအတွက် ဆန်ဖိုးငွေ(၈၄၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၈၄၀၀ိ/-) နှင့် (၁၈၆၆၀ိ/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁)အိမ်ထောင်စာတို့အား (၂၃-၇-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ဲကြောင်း သိရှိရပါသည်။