===================================================
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ် ကြက်ရေကြီးကျေးရွာနေ ဦးမောင်ထွီး အသက် (၄၂) နှစ်သည် (၂၁-၇-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၃၀) နာရီအချိန်တွင် ရွာတောင်ဘက် ဗြက်မကျွန်း၌ ကဏန်းမြုံးထောင်နေစဉ် မိုးကြိုးပစ်၍ သေဆုံးသွားခဲ့ပါသဖြင့် အဆိုပါ မိုးကြိုးပစ်၍ သေဆုံးသွားသူ၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) အား (၂၂-၇-၂၀၁၈) ရက်နေ့တွင် မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။