မြန်အောင်မြို့နယ်အတွင်း ရေဘေးနှင့် လေဆင်နှာမောင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

23 Pic 01

===================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)မှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်အတွင်း-

(၁၉-၇-၂၀၁၈) ရက်နေ့တွင် ရွှေကျင်အုပ်စု ရေတွင်းကုန်းကျေးရွာ၌ ရေဝင်ရောက်မှုကြောင့် မြေကျွံကျ၍ ပြိုကျပျက်စီးခဲ့သော အိမ်ခြေ ( ၁ ) လုံးမှ အိမ်ထောင်စု( ၁ )စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာကို လည်းကောင်း၊

(၂၀-၇-၂၀၁၈) ရက်နေ့တွင် မဲခင်းချောင်ကျေးရွာအုပ်စု မဲခင်းချောင်ကျေးရွာ နန်းတော်ကျွန်းကျေးရွာ မဲခင်ချောင်ကွက်သစ်များ၌ ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းဘေးကြောင့် ပြိုလဲပျက်စီးခဲ့သော အိမ်ခြေ(၃၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃၂)အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၈၀)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၈၀)အိမ်ထောင်စာကို လည်းကောင်း၊

(၂၂-၇-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်သို့ ကွင်းဆင်း၍ ရေဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events