မြေပြိုဘေးနှင့် လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

22_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်အတွင်းရှိ (၁၉-၇-၂၀၁၈)ရက်နေ့တွင် ရွှေကျင်အုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင် ရေဝင်ရောက်မှုကြောင့် မြေကျွံကျ၍ ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၁)လုံးမှ အိမ်ထောင်စု(၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာ (တန်ဖိုး-၃၂,၃၅၃ ကျပ်)ကို လည်းကောင်း (၂၀-၇-၂၀၁၈) ရက်နေ့တွင် မဲခင်းချောင်ကျေးရွာအုပ်စု၊ မဲခင်းချောင်ကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ မဲခင်ချောင်ကွက်သစ်များ၌ ဖြစ်ပွား ခဲ့သော လေဆင်နှာမောင်းဘေးကြောင့် ပြိုလဲပျက်စီးသော အိမ်ခြေ (၃၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃၂) အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသော အိမ်ခြေ (၈၀) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈၀) အိမ်ထောင်စာ(တန်ဖိုး-၂,၅၁၆,၀၆၉ ကျပ်) တို့ကိုလည်းကောင်း (၂၂-၇-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်သို့ ကွင်းဆင်း၍ ရေဘေးနှင့်လေဆင်နှာမောင်း ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source:ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha

#ayy_jul2018

Sign Up

Upcoming Events