Category Archives: News
-
အလုပ်ရုံဆွေးနွေးပွဲကျင်းပနေမှုသတင်း
ဘေးအန္တရယ်ဆိုင်ရာစီမံခန့််ခွဲမှုဦးစီးဌာနနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်း၍ ”ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုနှင့်ဘေးဒဏ်ခံနိုင်စွမ်းကိုတိုးမြှင့်စေခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို တားဆီးကာကွယ်ခြင်း”စီမံကိန်းလုပ်ငန်း တိုးချဲ့ခြင်းအသိပေးမိတ်ဆက်အလုပ်ရုံ ဆွေးနွေးပွဲကို(၁၈-၇-၂၀၁၈)ရက်နေ့ နံနက်(၀၉၃၀)အချိန်တွင် မြောက်ဦး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှအဖွင့်မိန့်ခွန်းပြောကြားခြင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှအဖွင့် အမှာစကားပြောကြားခြင်းနှင့် IOM အဖွဲ့အစည်းမှအမျိုးသားအစီအစဉ် အရာရှိ ဒေါ်အေးသိမ့်သူမှ အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်မှန်းချက်များအားရှင်း လင်းပြောကြားခြင်းတို့ကိုဆောင်ရွက် ခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေး ပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုှီုးစီးဌာန ပြည်နယ်ဦးစီးမှူးမှ IOM အဖွဲ့အစည်း နှင့်ရခိုင်ပြည်နယ်အတွင်းဆောင်ရွက် ထားရှိခဲ့သောလုပ်ငန်းစဉ်များနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးခဲ့ပြီး IOM … Read more
-
ကမ်းပြို၊ မြေပြိုဘေးအန္တရာယ်နှင့် ပတ်သက်၍ သတိပြုလိုက်နာရမည့်အချက်များအသိပေးနှိုးဆော်ခြင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့နည်းသက်သာစေရေးဆောင်ရွက်လျက်ရှိပြီးလူ့အသက် သေဆုံးမှုများလျော့နည်းသက်သာစေရန်မှာပြည်သူလူထုကိုယ်တိုင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများကိုလေ့လာသိရှိလိုက်နာရန် လိုအပ်ပါသည်။ ၂။ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကမ်းပါးပြိုမှုများများပြားလာခြင်းနှင့် မြေသားပြိုကျမှုကြောင့်အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် မြေပြို/ကမ်းပြိုဘေးများနှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ်ပါသည်။ မိုးရာသီကာလအတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများစိမ့်ဝင်ပြီးမြေပြိုကျမှုများဖြစ်ပေါ်နိုင်သည့်အတွက် တောင်စောင်း၊ တောင်တန်းများ၊ ဖို့မြေ (သို့မဟုတ်)မြေသားပျော့သည့်နေရာများ၊ မြစ်ချောင်းကမ်းပါးများအနီးနေထိုင်ကြသူများနှင့်ကျောက်စိမ်းတူးဖော်ရေး/သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြသူများအနေဖြင့် မြေပြို၊ ကမ်းပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ အောက်ပါအချက်များကိုသတိပြုလိုက်နာဆောင်ရွက်ကြပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတိုက်တွန်းနှိုးဆော်ထားပါသည်- (က) မိမိနေထိုင်သည့်နေရာ(သို့မဟုတ်)အလုပ်လုပ်ကိုင်သောနေရာများ၏ ဘေးပတ်ဝန်းကျင်ရှိမြေပြိုနိုင်သည့် မြေနေရာအနေအထား၊ စွတ်စိုမှု၊ ကြံ့ခိုင်မှုများကိုသတိပြုလေ့လာပါ။ … Read more
-
ဖားကန့်မြို့နယ် မြေစာပုံပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆန်ခါကျေးရွာ၊ မဟာအစပထမကုမ္ပဏီလုပ်ကွက်ဟောင်းတွင် အမြင့်ပေ (၃၀၀)ကျော်ခန့်ရှိ ကမ်းပါးယံမှာ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာသူ (၁၇)ဦးသေဆုံးခဲ့ပြီး (၄၃)ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါထိခိုက်နစ်နာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သေဆုံးသူတစ်ဦးလျှင် (၃၀၀,၀၀ဝိ/-) (ကျပ်သုံးသိန်းတိတိ)နှုန်းဖြင့် (၁၇)ဦးအတွက် (၅,၁၀၀,၀၀ဝိ/-) (ကျပ်ငါးဆယ့်တစ်သိန်းတိတိ)နှင့် ဒဏ်ရာရရှိခဲ့သူတစ်ဦးလျှင် (၅၀,၀၀ဝိ/-) (ကျပ်ငါးသောင်းတိတိ)နှုန်းဖြင့် (၄၃)ဦးအတွက် (၂,၁၅၀,၀၀ဝိ/) (ကျပ်နှစ်ဆယ့်တစ်သိန်းငါးသောင်းတိတိ)စုစုပေါင်း(၇,၂၅၀,၀၀ဝိ/-) (ကျပ်ခုနစ်ဆယ့်နှစ်သိန်း ငါးသောင်း တိတိ)ကို (၁၅-၇-၂၀၁၈)ရက်နေ့နှင့် (၁၈-၇-၂၀၁၈)ရက်နေ့များတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။ #ha_otr #kcn_jul2018 Source … Read more
-
စလင်းမြို့နယ်နှင့် ရေနံချောင်းမြို့နယ်များတွင် ကမ်းပြိုဘေးထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာတို့တွင် (၁၇-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၃၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၉၀၀,၀၀၀ိ/-) ကျပ်၊ သာသနိကအဆောက်အဦ (၁)လုံးအတွက် (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၄၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၉၄,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄,၂၉၄,၀၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၃၉)စုစာတို့အားလည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၂)ရွာတို့တွင် (၁၃-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၆၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၄,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၄,၉၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု … Read more
-
လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ညောင်လန်းကျေးရွာအုပ်စု၊ ကညင်ခဲကျေးရွာတွင် (၁၁-၇-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ (၁၁၀၅၀၀ိ/-) အား လည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ လာတာချောင်းကျေးရွာ၌ (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ ဘေးသင့်ပြည်သူ(၁၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ(၂၂၅၂၀၀ိ/-)အား လည်ကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၌ (၁၃-၇-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားအာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ Country Director, Myanmar Resident Mission ဖြစ်သူ Mr. NewinSinsiriဦးဆောင်သောအဖွဲ့ကလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ADB မှ Country Director , Myanmar Resident Missionဖြစ်သူ Mr. NewinSinsiri ဦးဆောင်သောအဖွဲ့ ကနေပြည်တော်ရှိအဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ (၁၈.၇.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ မေလ(၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်မုန်တိုင်း(၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုပူးပေါင်းကျင်းပခဲ့မှု၊ ၂၀၁၇ခုနှစ်တွင် ပြည်သူလူထုသဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်ရေးအမျိုးသားအဆင့် မူဘောင်ချမှတ်ခဲ့ပြီး၎င်းမူဘောင် အကောင်အထည်ဖော်တိုးတက်မှုသုံးသပ်ရေးအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၈ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့မှု၊ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် မြန်မာပြည်သူလူထုသဘာဝဘေးနှင့်ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်တုံ့ပြန်နိုင်ရေးစွမ်းရည်မြင့်မားရေးဆိုင်ရာနည်းပညာအကူအညီပေးမှု (၄)နှစ်တာစီမံကိန်းအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ADBအနေဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် … Read more
-
ဖားကန့်မြို့နယ်၌ မြေပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဖားကန့်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ မဟာအစပထမကုမ္ပဏီလုပ်ကွက် အတွင်း (၁၄-၇-၂၀၁၈) ရက်နေ့၊ (၁၄း၁၀) နာရီအချိန်တွင် အမြင့်ပေ (၃၀၀) ခန့်မှ မြေပြိုမှုဖြစ်ပွားခဲ့သည်။ အဆိုပါမြေပြိုမှုကြောင့် သေဆုံးသူ (၁၇) ဦးအတွက် သေဆုံးသူထောက်ပံ့ငွေ (၅၁) သိန်းကျပ်နှင့် ဒဏ်ရာရသူ (၂၄) ဦးအတွက် ထောက်ပံ့ငွေ (၁၂) သိန်းကျပ်၊ စုစုပေါင်း (၆၃) သိန်းကျပ်အား ဘေးသင့်ပြည်သူများထံသို့ (၁၈-၇-၂၀၁၈) ရက်နေ့၊ … Read more
-
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရံုံးမှ တာဝန် ရှိသူများသည် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း (၁၆-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဆိပ်ကြီးအနောက်ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အိမ်ခြေ (၁) လုံး မှာ အုန်းပင်ပိ၍ပြိုလဲခြင်းနှင့် ခနောင်တိုအရှေ့ရပ်ကွက်ရှိ နေအိမ် (၃) လုံးမှာအမိုးလန်ပျက်စီးခဲ့သည်။ အဆိုပါဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၁) ဦးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၄) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၄၄,၁၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀,၀၀၀ိ/-)ကျပ်၊ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၈)ရက်နေ့တွင် ကျိက်လတ်မြို့နယ်၊ ကညင်ကုန်းကျးရွာအုပ်စု၊ ရွှေညောင်ပင််ကျေးရွာတွင် လေပြင်းတိုက်ခတ်၍ သစ်ပင်နေအိမ်ပေါ်သို့လဲကျမှုကြောင့် နေအိမ်(၁)လုံး လဲပြိုပျက်စီးခဲ့ရာ အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁)သိန်း၊ ဆန်ဖိုးငွေ(၇)ရက်စာ (၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စုစာတို့အား (၁၈-၇-၂၀၁၈)ရက်နေ့၌ ကွင်းဆင်းသွား ရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နတ်ညွှန်းကျေးရွာအုပ်စု၊ နတ်ညွှန်းရွာသစ်ကျေးရွာ၌ (၁၇.၇.၂၀၁၈) ရက်နေ့ (၁၀း၃၅)အချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၂၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ (၆၀၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၈၆၀၉၀၀/-)ကျပ်တို့အား (၁၇.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများနှင့်အတူ နတ်ညွှန်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgw_jul2018 Source: ရေစကြိုုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









