လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတို့တွင် (၂၆.၇.၂၀၁၈)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၂၉၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၂၉၄၀၀ိ/-)ကျပ်တို့အား (၂၆.၇.၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး မှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jul2018
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)