
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၅)ကွက်နှင့် ကျေးရွာ (၅)ရွာရှိ ကယ်ဆယ်ရေးစခန်း(၁၉)ခုသို့ (၂၆-၇-၂၀၁၈)ရက်နေ့ တွင် ဘီးလင်းမြို့နယ်၊ သာသနာ့ဗိမာန်၌ ထပ်တိုးရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၃၁၁)စု၊ လူဦးရေ (၁၃၇၁)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၂၈၇၉၁၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈)ရက်နေ့တွင် ရေဘေးရှောင်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ရာ ယခုချိန်အထိ စုစုပေါင်း အိမ်ထောင်စု (၅၇၀)စု၊ လူဦးရေ (၂၄၂၄)ဦးအတွက် ဆန်ဖိုးငွေ (၇)ရက်စာ (၅,၀၆၉,၄၀၀/-)ကျပ်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mon_jul2018
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)