လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာတို့၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၉၄) အိမ်၊ အိမ်ထောင်စု (၁၀၃) စုမှ လူဦးရေ (၃၃၀) ဦးတို့အတွက် (၁) ဦးလျှင် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂,၁၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၆၉၃,၀၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့််အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_july2018
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)