လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ကိုင်းကြီးကျေးရွာ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဘူးရိုးချောင်းရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ် (၃)လုံးအားလည်းကောင်း၊
ဆင်တဲအုပ်စု၊ စမ်းပေါက်ချောင်းကျေးရွာ၌ (၂၂-၇-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၂) လုံး အားလည်းကောင်း စုစုပေါင်း ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈) ရက်နေ့ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_rbe
#bgo_july2018
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)