လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၆-၇-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်မှ (၁၆း၃၀) နာရီအချိန်ထိ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် သင်တန်းသား/ သူများအား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူ များအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_ar
#ayy_july2018
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)