
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၈)ရက်နေ့တွင် ရေဖြူမြို့နယ်ကျခတ်ပင်အင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသည့် အိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်းနှင့် လူ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၄၇၀၀/-)ကျပ်၊ (၂၄.၇.၂၀၁၇) နေ့တွင် ရေဖြူမြို့နယ်၊ ရငဲကျေးရွာ၌ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု တွင် ကနဦးပြောင်းရွှေ့အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၂)ဦးအတွက် ဆန်ဖိုး (၆၇၂၀၀)ကျပ်တို့အား (၂၆.၇.၂၀၁၈)ရက်နေ့ (၁၅း၃၀)နာရီ အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_jul2018
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)