လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ၌ (၁၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် (၂၆-၇-၂၀၁၈) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_july2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)