ကယ်ဆယ်ရေးစခန်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

27pic_01 27pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၂၆-၇-၂၀၁၈) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများဖြစ်သော မိုးကုတ်ဓမ္မရိပ်သာ၊ မြို့ဦးကျောင်းတိုက်၊ ကသစ်ဝိုင်ဓမ္မရိပ်သာတို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများနှင့် ကျေးရွာ (၃) ရွာမှ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများ စုစုပေါင်းလူဦးရေ (၆၂၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၁,၃၀၆,၂၀၀ိ/-) ကျပ်အား အဆိုပါစခန်းများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားပြောခြင်း၊ ရေဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလူဦးရေစာရင်းမှာ (၂၅-၇-၂၀၁၈) ရက်နေ့အထိ ရရှိထားသောစာရင်းဖြစ်ပြီး ထပ်တိုးစာရင်းများအားလည်း ထပ်မံထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းသတင်းရရှိပါသည်။

#ha_fld

#bgo_july2018

Source:         ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events