Category Archives: News
-
မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဗဟိုဌာန (AHA Centre) မှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားပြုလုပ်မှုသတင်း
(၃-၈-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ RCC ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဗဟိုဌာန (AHA Centre) မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ် (၁၂၀၀၀) လုံး လာရောက်ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_aug2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဝန်ဇင်းရပ်ကွက်တွင် (၁.၈.၂၀၁၈)ရပ်ကွက်၌ လေပြင်းဘေး တိုက်ခတ်မှု ကြောင့် အိမ်ခြေ(၂)လုံးပြိုကျခဲ့ပြီး အိမ်ခြေ (၅၂)လုံး အမိုးလန်ပျက်စီးခဲ့၍ လူ(၁)ဦး ဒဏ်ရာရခဲ့ပါသည်။ အဆိုပါ လေဘေးအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ (၂,၈၆၇,၇၅၀/-)ကျပ်၊ ပြိုကျအိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-)ကျပ်၊ ဒဏ်ရာရသူအတွက် (၅၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၉၃၄,၅၅၀/-)ကျပ်နှင့် ပြိုကျအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးနှင့် အမိုးလန်အိမ်များ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၁,၀၂၇,၂၂၆)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၃,၉၆၁,၇၇၆) … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၈)ရက်နေ့ (၁၃း၃၀) နာရီမှ (၁၄း၀၀) အချိန်ထိ ကျောက်မဲမြို့နယ်၊ (အ.လ.က-၃) အထက်တန်းကျောင်း(ခွဲ) ကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ပြီး ရေဘေးနှင့် မြေပြိုဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2018 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၄) ရွာ၌ (၂၈-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ (၂၀) လုံး၊ အိမ်ထောင်စု (၂၀) စု၊ လူဦးရေ (၇၃) ဦးအားလည်းကောင်း၊ စစ်ကုန်းကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၃) ရွာ၌ (၁-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ(၃၀) လုံး၊ အိမ်ထောင်စု (၃၀) စု၊ လူဦးရေ … Read more
-
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရန်နှင့် ပြန်လည်ထူထောင်ရေး အလျင်အမြန် အကောင်အထည်ဖော်ရန် စီမံချက်ဖော်ဆောင်၍ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး
=============================================== သြဂုတ်၊ ၃၊ မော်လမြိုင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအမြန်စတင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ညှိနှိုင်းမှုအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါ သည်။ အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများကြောင့် လယ်ယာမြေနှင့် သီးနှံဆုံးရှုံးမှုများ၊ လမ်းတံတားပျက်စီးမှုများ၊ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လိုအပ်ချက်များကို အမြန်ပြန်လည်ဖြည့်ဆည်းပေးရန်၊ ရေဘေးသင့်ပြည်သူများ မိမိတို့၏အသက်မွေးလုပ်ငန်းများသို့ ပြန်လည်ဝင်ရာက်လုပ်ကိုင်နိုင်ရေး၊ လယ်ယာမြေများပြန်လည် စိုက်ပျိုးနိုင်ရေး၊ … Read more
-
ရေရှားပါးသည့်ဒေသအတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း
မွန်ပြည်နယ်အတွင်း ရေရှားပါးသည့်ဒေသ၌ စက်ရေတွင်း (၁) တွင်းတူးဖော်ရန်နှင့် ရေဂါလံ (၂,၀၀၀) ဆံ့အုတ်ရေကန် (၁) လုံး ပြုလုပ်ရန်အတွက် (၃-၈-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အလှူရှင် ဦးကျော်မြင့်နှင့် ဒေါ်တင်တင်အေး၊ ထိပ်တန်းမုန့်ဟင်းခါးမိသားစုမှ အလှူငွေ (၄,၇၀၀,၀၀၀ိ/-) ကျပ်အား လာရောက်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသ ကြီးဦးစီးမှူးမှ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_fld #ygn_aug2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ အုပ်ရှစ်ချိုကျေးရွာအုပ်စု၊ ရွှေတောကျေးရွာတွင် (၂.၈.၂၀၁၈)ရက်နေ့တွင် မင်းတုန်းချောင်းရေ တိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၂)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၂)စု၊ လူဦးရေစုစုပေါင်း(၇)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀ိ/-)ကျပ်နှင့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၄,၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၂)အိမ်ထာင်စာတို့အား (၃.၈.၂၀၁၈)ရက်နေ့တွင် မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ #ha_fld #mgy_aug2018 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၄) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာနှင့် ၊ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၉,၄၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၉,၄၀၀ိ/-) … Read more
-
လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေပြ ဂြိုဟ်တုပုံရိပ်သုံး မြေပုံများ (၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)
လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေများကို အောက်ပါမြေပုံများတွင် ကြည့်ရှုနိုင်ပါသည်။ မြေပုံများမှာ ALOS2 ဂြိုဟ်တုမှ ရိုက်ကူးထားသော ဂြိုဟ်တုပုံရိပ်များမှ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ရေလွှမ်းမိုးနေသည့် နေရာများကို တွက်ယူထားခြင်း ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီတွင် တွေ့ရှိရသော ရေကို ပန်းရောင်ဖြင့်လည်းကောင်း၊ မြစ်၊ ချောင်းနှင့် ကန်များကို အပြာရောင်ဖြင့်လည်းကောင်း ဖော်ပြထားပါသည်။ ယခု ထုတ်ယူထားသည့် မြေပုံများသည် မြေပြင်ပေါ်တွင် လတ်တလော တွေ့ရှိရသည့် ရေပြင်ဖုံးလွှမ်းမှုအခြေအနေကိုသာ ကိုယ်စားပြုပြီး မြေပြင်အခြေအနေနှင့် … Read more
-
ဟင်္သာတမြို့နယ်၊ အင်္ဂပိုကျေးရွာအုပ်စု၊ မှော်သေးကျေးရွာ၊ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်္ဂပိုကျေးရွာအုပ်စု၊ မှော်သေး ကျေးရွာ၌ (၃၁-၇-၂၀၁၈) နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုလဲ(ဝါး) အိမ်ခြေ/အိမ်ထောင်စု (၁) စု၊ လူဦးရေ (၉) ဦးတို့အတွက်ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၈,၉၀၀ိ/-) ကျပ်တို့အား(၁-၈ -၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ … Read more









