Category Archives: News
-
ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သုံးခွမြို့နယ်၊ အောင်သာဒါန်းကျေးရွာနှင့် ထွန်းစိန်ကျေး ရွာတို့၌ (၁၂-၈-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မုတ္တမပင်လယ်ကွေ့ ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် အောင်သာဒါန်းကျေးရွာအုပ်စုရှိ ပင်လယ်ကမ်းစပ်အနီး၌ လယ်သမားများ ကိုယ်ထူကိုယ်ထပြုလုပ်ထားသောတာမှ ပေ (၂၀) ခန့်တစ်နေရာနှင့် ပေ (၃၀) ခန့်တစ်နေရာ၌ တာကျိုးပေါက်မှု ဖြစ်ပွား၍ ပင်လယ်ဒီရေဝင်ရောက်ခဲ့ပြီး တံငါတဲ (၂၅) လုံး ရေဝင်နစ်မြုပ်ခဲ့ရာ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၈) ဦးတို့ ရေဘေးသင့်ခဲ့ပါသဖြင့် … Read more
-
သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းနှင့် သဘာဝဘေးလုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြုပစ္စည်းများပေးအပ်ခြင်း
မုံရွာ ၊ သြဂုတ်၊ ၁၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ချင်းတွင်းမြစ်မြစ်ရေလျှံခြင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော မုံရွာမြို့ ချင်းတွင်းမြစ် ရေဘေးကာကွယ်ရေးတာတမံပိုမိုအဆင့်မြှင့်တင်ရန်လိုအပ်မှုအခြေအနေများကို လိုက်လံကြည့်ရှုခြင်းနှင့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆွေးနွေး ခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုလိုတွေ့ဆုံရခြင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုယ်စား လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေး ကျရောက်နိုင်မှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း၊ ဘေးကျရောက်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ပြည်သူများ၊ … Read more
-
နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈) ရက်နေ့ (၁၃၃၀) နာရီမှ (၁၅၀၀) အချိန်ထိ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ မြင့်မြတ်အောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် ပရဟိတအသင်းများ၊ ကျောင်းသား/သူ စုစုပေါင်း (၂၀၀)ဦး အား လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှာ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၈)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ ကျောက်လုံးကြီးကျေးရွာ၊ ပြိုကျလူနေအိမ်(၁၆)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၄)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၃၂)သိန်း၊ ဘေးသင့်ပြည်သူလူဦးရေ (၁၄၃)ဦး အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၃၀၀)၊ ပြိုကျအိမ် (၁၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး တို့အား (၁၄-၈-၂၀၁၈)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတို့သည် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ထူးကဲဒီရေ ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ ကြိုတင်ဖျက်သိမ်းနေအိမ်(၂၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး တို့အား သထုံခရိုင်ဦးစီးမှုရုံးမှလည်းကောင်း၊ လူဦးရေ(၁၆၈)ဦးအတွက်(၇)ရက်စာ ဆန်ဖိုးငွေကျပ် (၃၅၂,၈၀၀)တို့အား (၁၄-၈-၂၀၁၈)ရက်နေ့ မွန်ပြည်နယ်ဦးစီးမှုးရုံးမှလည်းကောင်း (၁၃-၈-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိများသည် မြောင်းမြမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ကညွှတ်ကွင်းကျေးရွာ ၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄-၈-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီမှ (၁၂း၀၀) နာရီအထိ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာ သူ ကျေးရွာသူ/သား (၁၃၀) ဦးတို့အား ဘေးရှစ်မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_aug2018
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း
(၁၃-၈-၂၀၁၈) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် ဦးကျော်မောင်နှင့် ဒေါ်အုန်းကြည်မိသားစုမှ အလှူ ငွေ (၁၂၆,၀၀၀/-) ကျပ်၊ ဦးဝေလင်း (Wyne Hotel ) မှအလှူငွေ (၁၀၀,၀၀၀/-) ကျပ်၊ Wyne Hotel ဝန်ထမ်းများမှ အလှူငွေ (၁၁၅,၀၀၀/-) ကျပ်၊ အကောက်ခွန်ဝန်ထမ်းဟောင်းများအသင်းမှ အလှူငွေ (၁,၀၀၀,၀၀၀/-) ကျပ် အား လာရောက်လှူဒါန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများမှလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈) ရက်နေ့(၁၀း၀၀) နာရီအချိန်၌ မကွေး မြို့နယ်၊ အမှတ် (၅) စက်မှုသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိသော ကျောင်းသား/ကျောင်းသူ (၂၁၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငလျင်ဘေး၊ မီးဘေး၊ မုန်တိုင်းဘေး အကြောင်းသိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_aug2018
-
ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ အော်ကြီးကျေးရွာ ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ အော်ကြီး ကျေးရွာ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီး လှိုင်းပုတ်ခတ်မှုကြောင့် ဘေးသင့်ခဲ့ သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးနှင့် လုံးဝပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၄,၁၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ လုံးဝပျက်စီးနေအိမ် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)အချိန်ထိ ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာ ရပ်ကွက်၊ အမှတ်(၁)ဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသား (၁၅၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)









