လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈) ရက်နေ့(၁၀း၀၀) နာရီအချိန်၌ မကွေး မြို့နယ်၊ အမှတ် (၅) စက်မှုသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိသော ကျောင်းသား/ကျောင်းသူ (၂၁၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငလျင်ဘေး၊
မီးဘေး၊ မုန်တိုင်းဘေး အကြောင်းသိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_aug2018