Category Archives: News
-
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်းကျေးရွာ၌ (၂၉-၉-၂၀၁၈) ရက်နေ့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်ပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်တို့အား (၁-၁၀-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး စာရေး လက်ဝယ်သို့ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၇) ရွာမှ ပြည်သူ (၁၂၀) ဦးအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာ ပေးလက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ကျေးရွာရှိ လူစည်ကားရာနေရာများ၌ အများပြည်သူကြည့်ရှု့နိုင်ရန် သဘာဝေဘေးအသိပညာပေး ဗီနိုင်းပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_Oct2018
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုှသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာ အုပ်စု၊ တောင်ရင်း ကျေးရွာ၊ တောင်ရင်းကွက်သစ်၊ ဖြတ်လမ်း (၁) ၌ (၃၀-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ (၁) ပုံးအားလည်းကောင်း၊ ဘေးသင့်ပြည်သူ (၅) ဦးအတွက် (၁) ဦးလျှင် (၁) ရက် (၂) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အလယ်တန်း ကျောင်း၌ (၁-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မီးသ တ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦး တက်ရောက် ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ၌ ကျောင်းသား/သူများကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ … Read more
-
ပြည်ထောင်စုဝန်ကြီး (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့ တက်ရောက်မိန့်ခွန်းပြောကြားမှုသတင်း
၁။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၁-၁၀-၂၀၁၈) ရက်မှ (၅-၁၀-၂၀၁၈) ရက်အထိ ကျင်းပနေ သည့် (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌဒေါက်တာဝင်းမြတ်အေးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁-၁-၂၀၁၈) ရက်နေ့၊ ဒေသစံတော်ချိန်၊ (၁၀း၀၀) နာရီတွင် ကုလ သမဂ္ဂအဆောက်အအုံ၊ Assembly Hall ၌ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ် (၂) ခြေခံပညာအလယ်တန်း ကျောင်း၌ (၁-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျောင်းတွင်းအခြေပြု သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာ ယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခြင်းများကိုကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး မနက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရွာမရွာသစ်ကျေးရွာ၌ (၂၉-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရသူ (၂) ဦး အတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးကိုယ်စား တောင်ကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များမှ (၃၀-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေမောင်းစွန်းကျေးရွာအုပ်စု၊ ရှားတိုင်းကြီးကျေးရွာတွင် (၂၉-၉-၂၀၁၈)ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ခြေ(၃)အိမ်၊ အိမ်ထောင်စု(၃)စု၊ လူဦးရေစုစုပေါင်း(၁၃)ဦး ဘေးသင့်ခဲ့ရာ ထိုဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇)ရက်စာ တန်ဖိုးငွေကျပ် (၂၇,၃၀၀) နှင့် နေအိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂၁၀,၀၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၂၃၇,၃၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃)အိမ်ထာင်စာတို့အား (၁-၁၀-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှုးရုံးနှင့် Asia Disaster Preparedness Center (ADPC)၊ Myanmar Prepardness Partnership (MPP) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို ကရင် ပြည်နယ်၊ ဘားအံမြို့၊ GABBANA Hotel တွင် (၁-၁၀-၂၀၁၈) ရက်နေ့မှ (၃-၁၀-၂၀၁၈) ရက်နေ့အထိ ဖွင့်လှစ် ကျင်းပမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်အခမ်းအနားကို (၁-၁၀-၂၀၁၈) ရက်နေ့တွင် GABBANA Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ … Read more
-
မြေငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေငလျင်ဘေး အန္တရာ ယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့ပြီး (၂၉-၉-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာမြို့နယ် တွံတေးလမ်းဆုံနေရာ၊ ရွှေပြည်သာ မြို့ဝင်နေရာ၊ မင်္ဂလာဒုံမြို့နယ်ရှိ ဝါယာလက်ဈေးရှေ့နေရာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ နတ်စင်လမ်းဆုံနေရာနှင့် ဒဂုံဆိပ်ကမ်းမြို့သစ် သိမ်ကျောင်းလမ်းဆုံနေရာတို၌လည်းကောင်း၊ (၃၀-၉-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ ပန်းခြံရှေ့နေရာ၊ သုံးခွမြို့ဝင်နေရာတို့၌လည်းကောင်း မြေငလျင် ဘေးအန္တရာယ်နှင့် … Read more









