Category Archives: News
-
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်၏ လုပ်ငန်းအသေးစိတ် အစီအစဉ် (Micro Plan) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ
၂၂-၉-၂၀၁၈၊ စစ်တွေ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေး သူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်(Micro Plan) ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၀၈:၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်နယ် အတွင်းရှိ မြို့နယ်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်၊ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၉.၂၀၁၈) ရက်နေ့၊ မနက် (၁၀:၀၀) နာရီချိန်တွင် ဟင်္သာတမြို့နယ်၊ လိပ်ချောင်းအုပ်စု၊ နဘဲကုန်ကျေးရွာ၌ သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ လိပ်ချောင်းအုပ်စုနှင့် သမ္ဘာတိုင်းအုပ်စု မှ စုစုပေါင်းလူဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင် (၈) မျိုးဝေငှခဲ့ခြင်းနှင့် ကျေးရွာရှိလူစည်ကား ရာနေရာများ၌ အများပြည်သူများ ကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများကို ကျေးရွာအုပ် ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက် နေ့တွင် မုံရွာမြို့၊ ဘူတာရုံရှေ့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခဲ့ ကြောင်းသတင်းရရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး( ဘစမ) # ar-eqk #sgg-sep 2018
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ဆင်အိုးကျေးရွာအုပ်စု၊ ချောင်းသစ်ကျေးရွာတွင် (၂၀ – ၉ – ၂၀၁၈)ရက်နေ့၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲဖိမိ၍ လုံးဝပျက်စီးသွားသော နေအိမ် (ဓနိမိုး/ထရံကာ) (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးနှင့် လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၂)ပြည် (၂) ဗူး တို့အား (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၉-၂၀၁၈) ရက်နေ့တွင် တောင်ကြီးမြို့၊ အလက(၁၄)ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား /သူ စုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ #ar #shn_Sep2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာများဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁-၉-၂၀၁၈) ရက်နေ့တွင် (၁၄:၀၀) မှ (၁၅:၃၀) နာရီအချိန်ထိ ပုဗ္ဗသီရိမြို့နယ် အထက(၂၀)တွင် ကျောင်းသား/သူများနှင့် ကျေးရွာသူ/ သားများ စုစုပေါင်း (၃၀၀)ဦးတို့အား ပုဗ္ဗသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့်ပူးပေါင်း၍သဘာဝဘေး အသိပညာများဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်၊၊ #ar #npw_Sep2018 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ခြင်းနှင့် ပြည်နယ်လွှတ်တော်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု များ ဆွေးနွေး
စက်တင်ဘာ ၂၁၊ စစ်တွေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင်ကျင်းပသော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်ခြင်းနှင့် မောင်တောမြို့နယ်တွင် တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်လုပ်ရန်အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ မသန်စွမ်းသူများအားထောက်ပံ့ခြင်းအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ အစိုးရတာဝန်များ စတင်ထမ်းဆောင်ချိန်မှစ၍ တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ဒေသခံတိုင်းရင်းသားများအပါအဝင် ပြည်သူများအားလုံး လိုလားသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာစေရေးကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများ ကိုယ်တိုင်ပါဝင်ရေးဆွဲထားသော … Read more
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ပူးပေါင်း၍ စက်တင်ဘာလ(၂၁)ရက် နေ့လယ် (၁၂း၃၀)နာရီမှ (၁၄း၃၀)နာရီအထိ ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စုငှက်ကလေးကွင်း (၂)မူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ(၄၀)ဦး အား ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး ဆွေးနွေးဟောပြောခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ဟောပြောဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်ဘေးစီမံမှ တာဝန်ရှိသူတစ်ဦးမှ ဖျာပုံခရိုင်အတွင်း ဘေးဖြစ်နိုင် ခြေအများဆုံးအမျိုးအစားဖြစ်သည့် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ ရေဘေး၊ မိုးကြိုးဘေးတို့နှင့် သက်ဆိုင်သည့် ရှောင်ရန်ဆောင်ရန်အချက်များ၊ ယင်းဘေးဖြစ်လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန်အချက်တို့ကိုလက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ စကား တောင်ရပ်၊ အုတ်ကြားလမ်း၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇,၀၀၀/-) ကျပ်အား (၂၁-၉-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_Sep2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီပုသိမ်စုကျေးရွာအုပ်စု၊ မှန်ကူကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဘိုး (၃၉၉၀၀) ကျပ်၊ စုစုပေါင်း (၃၃၉၉၀၀) ကျပ်တိတိအား (၂၁-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more









