မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုှသတင်း

2 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာ အုပ်စု၊ တောင်ရင်း ကျေးရွာ၊ တောင်ရင်းကွက်သစ်၊ ဖြတ်လမ်း (၁) ၌ (၃၀-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ (၁) ပုံးအားလည်းကောင်း၊ ဘေးသင့်ပြည်သူ (၅) ဦးအတွက် (၁) ဦးလျှင် (၁) ရက် (၂) ဘူး နှုန်းဖြင့် (၇) ရက်စာဆန်ရိက္ခာ (၈ပြည်၆ဘူး) တို့အား (၁-၁၀-၂၀၁၈) ရက်နေ့တွင် ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source:    ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#rke_oct2018

 

Sign Up

Upcoming Events