လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှုးရုံးနှင့် Asia Disaster Preparedness Center (ADPC)၊ Myanmar Prepardness Partnership (MPP) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို ကရင် ပြည်နယ်၊ ဘားအံမြို့၊ GABBANA Hotel တွင် (၁-၁၀-၂၀၁၈) ရက်နေ့မှ (၃-၁၀-၂၀၁၈) ရက်နေ့အထိ ဖွင့်လှစ် ကျင်းပမည်ဖြစ်ပြီး သင်တန်းဖွင့်လှစ်အခမ်းအနားကို (၁-၁၀-၂၀၁၈) ရက်နေ့တွင် GABBANA Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး၊ ဦးလင်းထွဋ်၊ ဘားအံ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော် များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားလုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင် ဌာနဆိုင်ရာမှ ကိုယ်စားလှယ် (၁၀) ဦး၊ အရပ်ဖက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၀) ဦးနှင့် ပုဂ္ဂလိကစီးပွားလုပ်ငန်းရှင်များမှ ကိုယ်စားလှယ် (၁၀) ဦး စုစုပေါင်း သင်တန်းသား (၃၀) ဦးဖြင့် (၃) ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ သင်တန်းကို ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်သော ရပ်ရွာပြည်သူလူထုဖြစ်စေရေးနှင့် သဘာဝဘေးအန္တရာယ်ကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်စေနိုင်ရေးကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_Sep2018