လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေမောင်းစွန်းကျေးရွာအုပ်စု၊ ရှားတိုင်းကြီးကျေးရွာတွင် (၂၉-၉-၂၀၁၈)ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ခြေ(၃)အိမ်၊ အိမ်ထောင်စု(၃)စု၊ လူဦးရေစုစုပေါင်း(၁၃)ဦး ဘေးသင့်ခဲ့ရာ ထိုဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ (၇)ရက်စာ တန်ဖိုးငွေကျပ် (၂၇,၃၀၀) နှင့် နေအိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂၁၀,၀၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၂၃၇,၃၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃)အိမ်ထာင်စာတို့အား (၁-၁၀-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။