လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေငလျင်ဘေး အန္တရာ ယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့ပြီး (၂၉-၉-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာမြို့နယ် တွံတေးလမ်းဆုံနေရာ၊ ရွှေပြည်သာ မြို့ဝင်နေရာ၊ မင်္ဂလာဒုံမြို့နယ်ရှိ ဝါယာလက်ဈေးရှေ့နေရာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ နတ်စင်လမ်းဆုံနေရာနှင့် ဒဂုံဆိပ်ကမ်းမြို့သစ် သိမ်ကျောင်းလမ်းဆုံနေရာတို၌လည်းကောင်း၊ (၃၀-၉-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ ပန်းခြံရှေ့နေရာ၊ သုံးခွမြို့ဝင်နေရာတို့၌လည်းကောင်း မြေငလျင် ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#ygn_oct2018