ပြည်ထောင်စုဝန်ကြီး (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့ တက်ရောက်မိန့်ခွန်းပြောကြားမှုသတင်း

 

2 Pic 01 2 Pic 02

၁။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၁-၁၀-၂၀၁၈) ရက်မှ (၅-၁၀-၂၀၁၈) ရက်အထိ ကျင်းပနေ သည့် (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌဒေါက်တာဝင်းမြတ်အေးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁-၁-၂၀၁၈) ရက်နေ့၊ ဒေသစံတော်ချိန်၊ (၁၀း၀၀) နာရီတွင် ကုလ သမဂ္ဂအဆောက်အအုံ၊ Assembly Hall ၌ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများလည်း လိုက်ပါတက်ရောက်ခဲ့ကြပါသည်။
၂။ ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် (၁၃း၀၀) နာရီတွင် မြန်မာနိုင်ငံကိုယ်စားပြု မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကရှင်းလင်းဆွေးနွေးရာ၌ အပြည်ပြည် ဆိုင်ရာဒုက္ခ သည်များအရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့်အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်သို့ ရွှေ့ပြောင်းသွားပြီးမြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေးဆောင်ရွက်လျက်ရှိသည့် ဒုက္ခသည်များ နှင့်စပ်လျဉ်းသည့် ကိစ္စအားရှင်းလင်းပြောကြားလိုကြောင်း၊ ၂၀၁၇ခုနှစ်၊ သြဂုတ်လတွင် ARSA အကြမ်း ဖက်အဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းများအားတိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်းတွင် ရခိုင် ပြည်နယ်ရှိ မူဆလင်ဘာသာဝင်များအိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် လတ်တလောအရေးကိုဖြေရှင်းနေရသည့်နည်းတူ၊ ဖြစ်ပွားရသည့် အကြောင်းရင်းများ အားဖြေရှင်းနိုင်ရန် ဒေါက်တာကိုဖီအာနန်အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများအားလည်းဆွေးနွေးလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံတွင် နေထိုင်ခဲ့ သူများကိုပြန်လည်လက်ခံရန်အသင့်ရှိမှုအားထပ်လောင်းအတည်ပြုလိုကြောင်း၊ ပြောင်းရွှေ့မှုများဖြစ် ပေါ်ပြီး (၃) လအတွင်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရွှေ့ပြောင်းသူများပြန်လည် လက်ခံရေး နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်နည်းတူယင်းသဘောတူညီပါ အချက်အလက်များ အား လည်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လတ်တလောရွှေ့ပြောင်းမှု ဖြစ်စဉ်သည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဖြစ်စဉ်ဖြစ်သဖြင့် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်းကိုထပ်ဆောင်းတင်ပြလိုပါကြောင်း၊ အခက်အခဲတစ်စုံ တစ်ရာရှိပါကလည်း နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းရေးသည် အသင့်လျော်ဆုံးဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်မှုအား အလေးထားသကဲ့သို့ အခက် အခဲများညှိနှိုင်းရန်ကိုလည်း ဆွေးနွေးဖြေရှင်းလျက်ရှိပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အတွက် တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့်အခြေအနေဖန်တီးရန် လိုအပ်မှုများကိုလည်း မိမိတို့ အလေးထားပါကြောင်း၊ ထို့အတွက် UNDP-UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်နေပါကြောင်း၊ နည်းပညာလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပထမ အဆင့် ရွေးချယ်ထားသည့် ကျေးရွာများသို့ ကွင်းဆင်းဆန်းစစ်မှုဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် UNDP-UNHCRတို့၏ဆောင်ရွက်မှုသည်ပြန်လည်လက်ခံရေးတစ်ခုတည်းမဟုတ်ဘဲ၊ ရခိုင် ပြည်နယ်အတွင်း တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက်ပါ အကြံပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများရှိမည်ဟု မျှော်လင့်ကြောင်းပြောကြားပါသည်။
၃။ ဆက်လက်၍ မိမိတို့လက်ရှိအစိုးရသည် ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင် ရခိုင်ပြဿနာ၏ အရင်းခံအကြောင်းအရာများအား ကြိုးစားဖြေရှင်းနေသည့်အစိုးရအဖွဲ့ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့သစ် တာဝန်ယူစ၂၀၁၆ခုနှစ်ကပင် ဒေါက်တာကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရရှိမည့် နည်းလမ်းများအကြံပြုပေးနိုင်ရန် ဆောင်ရွက်ခဲ့ ပါကြောင်း၊ သို့ရာတွင် အကြံပြုအဖွဲ့၏ အစီရင်ခံစာထွက်သည့်နေ့တွင်ပင် ARSAအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများထပ်မံဖြစ်ပေါ်လာသဖြင့် မိမိတို့၏ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရပြီး လူသားချင်းစာနာမှုအကူအညီပေးခြင်းအား အာရုံစိုက်ခဲ့ရပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည့်အပြင် လက်တွေ့အကောင်အထည်ဖော်မှုများအားလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အကြံပြု ချက် (၈၈) ချက်အနက် (၈၁) ချက်အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချို့သောအကြံပြုချက်များ (ဥပမာ-လူမှုသဟဇာတဖြစ်မှု)သည် သဘောသဘာဝအရပြီးပြည့်စုံရန် အချိန်ယူဆောင်ရွက်ရ သည်ကိုအသိပေးလိုကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း ကြိုးစားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၇ခုနှစ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် နောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည် ဟုစွပ်စွဲချက်များအားလည်း အလေးထားပါ ကြောင်း၊ မိမိတို့အစိုးရသည် တရားဥပဒေစိုးမိုးမှုအားဦးစားပေး ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲမူ ဝါဒဖြင့် နိုင်ငံတာဝန်ထမ်းဆောင်နေသည့် အစိုးရဖြစ်ပါကြောင်း၊ သို့ဖြစ်ရာအဆိုပါကဲ့သို့ လူ့အခွင့် အရေးချိုး ဖောက်မှုများရှိကြောင်း အထောက်အထားတွေ့ရှိပါကလည်း ဥပဒေနှင့်အညီအရေးယူလျက် ရှိပါကြောင်း၊စွပ်စွဲမှုများအတွက် နိုင်ငံတကာမှ ထင်ရှားသည့်ပုဂ္ဂိုလ်များပါဝင်သော လွတ်လပ်သော စုံစမ်းရေးကော်မရှင်အားလည်း ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ယင်းကော်မရှင်၏ တွေ့ရှိချက်အရ လိုအပ် သလိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မိတ်ဆွေများအနေဖြင့်လည်း ၎င်းကော်မရှင် အားပံ့ပိုး ကူညီရန် နှိုးဆော်တိုက်တွန်းလိုပါကြောင်းပြောကြားပါသည်။
၄။ ထို့နောက် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် ပုံမှန်အခြေအနေရရှိရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံတွင်း နေထိုင်ခဲ့ကြောင်း အတည်ပြုထားသူများ ၎င်းတို့၏ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ချိန်တွင် လုံခြုံပြီး လူသားဂုဏ်သိက္ခာရှိရှိဝင်ရောက်ခွင့်ရစေရန် ပြင်ဆင်ထားပါကြောင်း၊ သို့ရာတွင် ကျယ်ပြန့်သော အရေးကိစ္စဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် အပြုသဘောပူးပေါင်းဆောင်ရွက်ပံ့ပိုးလိုသူများအား ကမ်းလှမ်းဖိတ်ခေါ်ပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအောင်မြင်စေရန် ပံ့ပိုးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
၅။ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာနိုင်ငံအရေး စိတ်ဝင်စားသည့်နိုင်ငံများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ဆက်လက်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

#hl1

#Switzerland_Oct2018

Sign Up

Upcoming Events